ရခိုင်လူမျိုးရို့ရေ လွန်ခရေနှစ်ပေါင်းများစွာကပင် မြို့ပြထီးနန်းတိ တည်ထောင်ပြီးကေ ကိုယ့်မင်းကိုယ့်ချင်းနန့် နိန်ထိုင်လာကတ်တေ
သူတိဖြစ်ကတ်ပါရေ။ရခိုင်မြို့ပြနိုင်ငံဖြစ်ရေ ဒွါရဝတီ၊ရှေးဦးဝေသာလီ၊ငခွေးသင်တောင်မြို့တော်များစသဖြင့် ထွန်းကားလာခပြီးကေ
ဘီစီ ၃၃၂၅ ခုနှစ်မာပထမဦးဆုံးဖြစ်ရေ ရခိုင်ပဒေသရာဇ် နိုင်ငံတော် ဓညဝတီ နိုင်ငံကိုသကျသာဂီဝင်နွယ် အာရီယံလူမျိုး မာရယုက
တည်ထောင်ခပါရေ။ယင်းနောက် ဝေသာလီခေတ်၊လေးမြို့ခေတ်၊မြောက်ဦးခေတ် စသဖြင့် ထွန်းကားခပြီးကေ မင်းဆက်ပေါင်း၂၆၀
ယောက် အုပ်ချုပ်စိုးစံခပြီး ရှည်လျှားရေ သမိုင်းကြောင်းကို ဖြတ်သန်းလာကတ်ခပါရေ။
ကစ္စပနဒီ(ကုလတန်)မြစ်၏လက်ဝဲဖက် ကမ်း (၉၉)မြို့၊လက်ယာဖက်ကမ်း(၉၉)မြို့ရို့မာ သားစိုင်မြေးဆက် ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်နန့် နိန်ထိုင်လာကတ်ရေခါ နိုင်ငံရေး၊ စီးပွါးရေး၊
လူမှူရေး၊ဘာသာရေး၊စာပီယိုင်ကျေးမှူ၊အနုပညာအစဟိရေ အားလုံးတိစော် အဖက်ဖက်ကဖွံ့ဖြိုးတိုး
တတ်ခရေစော်တိကို ဇာသူကလေ့ငြင်းချက်ထုတ်လို့ရနိုင်ဖို့ မဟုတ်ထင်ရေ။ ယင်းပိုင် ဖွံ့ဖြိုးတိုးတတ်
လာရေအတွက်နန့် အကျွန့်ရို့၏ အဖိုး၊အဖီး၊အဇူ၊အဇာရို့စော် အသက်၊ချွေး၊သွီးတိနန့် ရာစုပေါင်း များ
စွာ အားသွန်ခွန်စိုက် အားမာန်တိအပြည့်နန့်တည်ထောင်လာကတ်ရေခါ မြောက်ဦးခေတ်မာ အထွက်အ
ထိပ်ကိုရောက်ပါလတ်ရေ။
မြောက်ဦးခေတ်မာ ဘာသာရေး၊ လူမှုရေး၊ စာပီ၊ ယိုင်ကျေးမှူ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှူရေး အကြီးအကျယ် ဖူးပွင့် ဝီဝီဆာခစော်ဖြစ်လို့ ရခိုင်သမိုင်းဆရာရို့က ရခိုင်ပြည်မာ မြောက်ဦးခေတ်ကို ရွှေ
ရောင်လွှမ်းရေခေတ်လို့ မှန်တမ်းတင်ထားကတ်ခပါရေ။မြောက်ဦးခေတ်မာ မင်းဘာမင်းဆက်ကား မြောက်
ဦးခေတ်ကိုတစ်ခေတ်ဆန်းစီခရေ။မင်းဆက်(၉)ဆက်၊နှစ်ပေါင်း(၁၀၇) နှစ် ကာလမာ ရခိုင်ပြည်၏ တန်ခိုး
အာနာစက် အပျံနှံ့ဆုံးဖြစ်ပါရေ။ယင်းအချိန်ကားမြောက်ဦးခေတ် အထွက်အထိပ်ကိုရောက်ရှိရေအချိန်ပင်ဖြစ်ပါရေ။
မင်းဘာကြီး၊မင်းဖလောင်း၊မင်းရာဇာကြီးလက်ထက်မာဆိုကေ အင်အားအတောင့်တင်းဆုံး၊အကြွယ်ဝဆုံး၊
အချမ်းသာဆုံးဖြစ်ခပါရေ။ပေါ်တူဂီ ရီတပ်မတော်၊မဂိုရီတပ်မတော်တိလေ့ မယှဉ်နိုင်ကတ်ပါ။ယင်းအချိန်
ခါက မြောက်ဦးမြို့တော်နန့် နန်းတော်ရို့မာ ဘက်စုံတိုးချဲ့မွမ်းမံပြီးကေ လိုလေသေးမရှိအဖက်ဖက်က
ပြည့်စုံခပါရေ။ယင်းအချိန်က ရခိုင်တိစော် မြောက်ဦးမြို့သားဖြစ်ရစော်ကို ဂုဏ်ယူမဆုံးဖြစ်ကတ်ခပါရေ။
မြောက်ဦးမြို့မာနိန်ရငှာပင် ကုသိုလ်ထူးရေလို့ ယူဆကြည်နပ် နှစ်သိမ့်မှူတိ ကကောင်းရှိကတ်ပါရေ။
မြောက်ဦးမြို့ကြောင်းပင် သူရို့တိ(မြောက်ဦးမြို့တော်သား)အဖြစ် ဂုဏ်ရည်တင့်ခကတ်တေမဟုတ်ပါလား။
၁၆၃၄ ခုနှစ်မာကား ရခိုင်ရို့၏ ကြမ္မာ ဂြိုလ်ဆိုးစီရေ နှစ်ဖြစ်ပါရေ။ယင်းနှစ်ကစလို့ ကံဇာတာ ညိုးမှိန်လာ
ပါရေ။ ၁၆၃၄ ခုနှစ်နောက်ပိုင်းကစပြီးကေ မြောက်ဦးမြို့တော်၏ သြဇာအာနာရေ ယိမ်းယိုင်လာပါရေ။
အသက် သွီးပေါင်းများစွာတိစတေးပြီးကေ ထူထောင်လာရေ အုပ်ချုပ်ရေးယန္တရာမာ နန်းလုသူရို့ကြောင်း
တန်ခိုး ဂုဏ်ရှိန်မှေးမှိန်ပျောက်ကွယ်လားခပါရေ။အမတ်မျိုးရိုး လောင်းကြက်စား ငကုသလက သီရိသုဓမ္မ
ရာဇာနန့်သားမင်းစနေကို လုပ်ကြံကတ်ပြီးကေ နန်းတတ်လာခြင်းကြောင်းဖြစ်ရေ။ ယင်းမင်းဆက်နောက်ပိုင်း
ထီးနန်းလုခြင်းကား နိယာမတရားပိုင်ဖြစ်လာပါရေ။
ယင်းပိုင်တစ်စတစ်စ အားတိနည်းလာရေခါ အေဒီ (၁၇၈၄)ခုနှစ် သက္ကရာဇ် ၁၁၄၆ ခုနှစ်မာ ဗမာဘုရင်
ဗဒုံမင်းသိမ်းလို့ ရခိုင်မင်းဆက်ပြတ်လားခပါရေ။
မဟာသမ္မတ ရာဇာဘွဲ့တော်ခံမင်းရေ မိဖုရားစောမယ်ပုံဒေဝီနန့် ကောဇာသက္ကရာဇ် (၁၁၄၄) ခုနှစ် ခရစ်
အေဒီ (၁၇၈၂) ခုနှစ်မာမြောက်ဦးထီးနန်းကိုဆက်ခံပြီးကေ ရခိုင်ပြည်၏ နောက်ဆုံးဘုရင်အဖြစ် စိုးစံခပါရေ။
ပြည်သူအပေါင်းရို့ညီညွန်းပြီးကေမင်း လုပ်ပီးပါလို့တင်မြောက်စော်ကိုအကြောင်းပြုပြီးကေ မဟာသမ္မတ ရာဇာ
မင်းနာမေကိုခံယူခပါရေ။ (၁၁၄၄)ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊တနင်္လာနိန့်မာနန်းတတ်ပါရေ။
တံဆိပ်ခတ်နှိပ်ရေအခါကား မဟာသမ္မတရာဇာမင်းတရားဆိုရေ နာမေနန့်ခတ်နှိပ်ပါရေ။
မဟာသမ္မတမင်းရေ နိုင်ငံစည်းရုံး ညီညွန့်မှူမဟိကေ နိုင်ငံ၏အချုပ်အချာအာဏာ ဆုံးရှူံးနိုင်ရေလိုဆိုကာ အမျိုး
သားစည်းရုံး ညီညွတ်ရေးအတွက် အဖက်ဖက်ကတည်ဆောက်ခပါရေ။ယင်းစည်းလုံးညီညွတ်ရေးကိုတည်ဆောက်ရာမာ ဘုရင်ဧကရာဇ်စနစ်စော်
ခေတ်နောက်ကျပြီး ခေတ်မီရေ ရခိုင်ပြည်သူ့ သမ္မတနိုင်ငံတယ်ထောင်ဖို့အတွက်နန့် နန်းတတ်စကပင်
သူ့ဘွဲ့နာမေ ကိုလည်း မဟာသမ္မတလို့ခံယူခပါရေ။
မဟာသမ္မတရာဇာမင်းစော် ရခိုင်ပြည်သူရို့သဘောတူတင်မြောက်ရေမင်းဖြစ်ပါရေ။ ပြည်သူလူထုတင်မြောက်ရေမင်းစော် ပြည်သူရို့၏
ဘဏ္ဏာကို ဆယ်ဖို့တစ်ဖို့ကောက်ခံခွင့်ဟိပါရေ။ဒေနိန့်ခေတ်အရ ပြောရဖို့ဆိုကေ ဒီမိုကရေစီစနစ်ပိုင်ဖြစ်ပါရေ။
မဟာသမ္မတရာဇာမင်း ရခိုင်ပြည်မာ ပထမဦးဆုံး သမ္မတစနစ်နန့် ဒီမိုကရေစီကျင့်သုံးဖို့ကြိုးစားခရေမင်း
ြုဖစ်ပါရေ။ယင်းမင်းစော် အရှေတောင်အာရှသမိုင်း၊မြန်မာသမိုင်း၊ရခိုင်သမိုင်းတိမာတစ်ဦးတည်းရာဖြစ်ဟိရေ
မဟာသမ္မတဘွဲ့ခံမင်းတစ်ပါးဖြစ်ပါရေ။
ယင်းအချိန်ခါ ရခိုင်နိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်ရေ ဗမာပြည်မာ ကုန်းဘောင်ခေတ်၏ ပဒေသရာဇ်စနစ်
အထွက်အထိပ်ဆုံးကိုေ၇ာက်နိန်ရေအချိန်ဖြစ်ပါရေ။ရခိုင်ပြည်မာကား ပဒေသရာဇ်ကိုဆန့်ကျင်လူတိက
တစ်ဖက်၊မဟာသမ္မတမင်းရာဇာကို လိုလားသူနန့် မဟာသမ္မတမင်းရာဇာကို သစ္စာမခံရေလိုသူတိကတစ်ဖက်
လွန်ဆွဲအားပြိုင်နိန်ကတ်ရေ အချိန်ဖြစ်ပါရေ။(သမ္မတမင်းရာဇာမင်းတင်မြောက်ရေစော်ကိုအသေးစိတ်မဖော်ပြ
ပီးယာနမ်း)
မဟာသမ္မတမင်းရာဇာစော် လက်ဝဲမြန် ကုလားဖြူ၊လက်ယာမြန်မောင်ထွီး စရေ မူးမတ်တိကိုအဆောင်အယောင်ထီးစလွယ် သင်းကျစ်ရို့ကိုပီးပါရေ။ယင်းအချိန်ခါ ရခိုင်တပြည်လုံးမာ ပြည်
သူအချင်းချင်းရို့စော် တိုင်းပြည်၏ကံကြမ္မာညိုးနွမ်းလာစော်ကြောင်း ကိုယ်ရို့၏ဘုရင်မင်းမြတ်ကိုမရိုမသေ
မလေးမစားဖြစ်လာကတ်ပြီး စိတ်ဝမ်းကွဲပြာလာကတ်ပါရေ။ သမ္မတမင်းနန်တတ်ခါလောက်ကပင် မကျေမနပ်
သောင်းကျန်းနိန်ကတ်တေသူတိမာ (၁)ငကြည်တောင်မာ ဒါးမနိုင်မင်း(၂)ရိုးကျွမ်းမာကုလားရွှေစာမင်း
(၃)ပိန္နဲချောင်းကျွမ်းမာကောင်းညွန့်ရန်တိုင်မင်း(၄)ကြပ်စင်ကျွမ်းမာငသံတွေမင်း(၅)တန်လွဲချောင်းမာ
ကျော်ထွီးမင်း(၆)မာန်အောင်မာသတိုးဖြူမင်းရို့ဖြစ်ကတ်ပါရေ။သူရို့စော် သမ္မမင်းရာဇာနန့်စင်ပြိုင်မင်း
မူနိန်ကတ်ရေသူတိဖြစ်ကတ်ပါရေ။
အင်အားအကြီးဆုံးမာ တန်းလွဲက ကျော်ထွီးဖြစ်ပါရေ။ငါးဇင်းရိုင်းချောင်းမာ ငသံတွေသောင်းကျန်းနိန်စော်
ကြောင်း သက္ကရာဇ် ၁၁၄၄ ခု၊တပေါင်းလမာ မဟာသမ္မတရာဇာမင်း တိုက်ရေခါ ငသံတွေတတ်ပျက်ပြီး
ကေ နောက်ဆုံးသစ္စာခံပြီးရောက်လာရေခါ သမ္မတရာဇာမင်းက ငသံတွေကို ကုလားတန်စားအရာကိုပီး
ပါရေ။ကုလားတန်စားငသံတွေလည်းကုလတန်ကဘဏ္ဏာတိကိုသိမ်းယူပြီးကေ သောင်းကျန်းမနာနိန်ပြန်ရေ။
ဓါးပိုင်ကြီး ငသံတွေလို့လေ့ နာမေ တွင်ပြန်ရေ။ ယင်းငသံတွေမာ(မင်းသားမလုပ်ရကေ ပွဲဖျက်တတ်ရေ
လူတစ်မျိုးဖြစ်ကြောင်းနောက်ပိုင်းမာ ထင်ရှားပါရေ)
ငသံတွေမာ ရခိုင်ပြည်မာ မင်းလုပ်ချင်လို့အတိတ်ကမြောက်ဦး ဓမ္မရာဇာမင်းလက်ထက် တော်လှန်ပုန်ကန်
ပြီးကေ အဘယ ရာဇာမင်း၏သား ဟရီ၊အမ်းစား ခြီသလုံးကြီး ဖောက်သာရွှေ၊လေးခက်တောင်စား ငထွန်း
စံရို့ကို ဗမာ ဘုရင်ပါးမာ ရခိုင်ပြည်ကို သိမ်းယူပီးပါလို့စစ်ကူလားတောင်းရေသူဖြစ်ပါရေ စဉ့်ကူမင်းက
စစ်ကူ ချင်းချင်း မထည့်ဝံ့ရေအတွက်လက်မခံခပါ။ဓမ္မရာဇာမင်း လွန်မရာ စစ်ကူပီးပါဖို့လို့ ငသံတွေပါးကို
စာပြန်လိုက်လို့ အကြိမ်ကြိမ်အကြံပျက်ခဖူးရေသူဖြစ်ပါရေ။
ဓမ္မရာဇာမင်းသား လက်ဝဲမြန်ကုလားဖြူစော် သမ္မတမင်းရာဇာကို မခစားချင်စော်ကြောင်း ရွှေမြို့တော်က
ထွက်လားပြီးကေ ပိန္နဲချောင်းကျွန်းမာသောင်းကျန်းနိန်ရေ ကောင်ညွန့်ရန်တိုင် ထွန်းပေါ်ဝေရို့နန့်ပေါင်းသင်း
ပြီးကေ ရဲမတ်ဗိုလ်တိနန့်ချီတတ်လာပြီးကေ သက္ကရာဇ် ၁၁၄၄ ခုနှစ် တပေါင်းလမာ တပ်မော်ဆိုရေနိန်ရာမာ
တပ်တည်ပြီးကေ နိန်ပါရေ။မဟာသမ္မတရာဇာမင်းတိုက်ရေခါ တပ်တိပျက်စီးမနာ အားလုံးပြီးကတ်ရေ။
လက်ဝဲမြန်ကုလားဖြူကား ပြောင်းသီးကျပြီးကေသီလာခရေ။ ယင်းစော်ကိုအကြောင်းပြုပြီးကေ ပြောင်သီးကျ
လက်ဝဲမြန်လို့ နာမေတွင်ရေ။ကောင်းညွန့်ရန်တိုင်အစဟိရေသူပုန်ရို့မာ ကြောက်လန့်ပြီးကေ အဝီးကသစ္စာ
ကိုခံလာကတ်ပါရေ။
တန်းမြို့တောင်မာ မင်းလုပ်နိန်ရေ ကျားရီဝတ် ကျော်ထွီးစော် တန္တစစ်အောင် နာမေကိုခံပြီးကေ တောင်
မင်းလို့တွင်ပါရေ။ယင်းတောင်မင်းကျော်ထွီးကား ဝါးထမ်းစင်းလည်းမစီး၊နာရီစည်လည်းမတီး၊ဒင်္ဂါးလည်းမ
ခက်၊ကျန်ရေစော်တိကိုမဟာသမ္မတရာဇာမင်းနန့်အပြိုင်နိန်ပါရေ။ယင်းအကြောင်းကိုမဟာသမ္မတမင်းရာဇာ
ကြားရေခါ ယောက်ဖတော်ရေ ဓါးပိုင်ကြီးကျော်ပုံကို လွှတ်လိုက်ပြီးကေသက္ကရာဇ် ၁၁၄၅ ခု၊ တပို့တွဲ
လမာ တောင်းမင်းကျော်ထွီးကိုတိုက်ရေခါ တောင်မင်းကျော်ထွီးက အဝီးကသစ္စာခံပြီးကေလက်ဆောင်
ဘဏ္ဏာတိဆက်သပါရေ။
သမ္မတရာဇာမင်းစော် သာမညပုဂ္ဂိုလ်မဟုတ်ပါ။ဓမ္မရာဇာမင်းလက်ထက်(မာန်အောင်)ကျွန်းကိုအပိုင်စားအုပ်
ချုပ်ရေ(၁၀)ရွာသူကြီးအောင်ကျော်ဇံဖြစ်ပါရေ။ဇာတိကားရမ်းဗြဲ့ကျွန်းကဖြစ်ပါရေ။ကောဇာ(၁၁၃၉)ခုနှစ်
ဓမ္မရာဇာရမ်းဗြဲ့ကျွန်းကိုရောက်လာရေခါ ကုလားတန်စား ဓါးပြန်စီး စဖိုဝေနန့်လက်ဝဲမြန်သံတွဲစား(ဘထော်)
ရို့ပုန်ကန်လို့ဓမ္မရာဇာမင်းအမိန့်နန့် မာန်အောင်စား အောင်ကျော်ဇံတိုက်ခိုက်အောင်ပွဲဆင်ခပြီးကေနောက်
ဓမ္မရာဇာမင်းကိုသစ္စာဖောက်လာရေ ဖားပြိုလေးတပ်စခန်း၊ကျိန်းစံကော်တပ်စခန်း၊သောင်ချောင်မော်တပ်စခန်း
တိကိုတိုက်ခိုက်သိမ်းပိုက်ပြီးကေ အားလုံးသူရို့ကိုမြောက်ဦး ဓမ္မရာဇာမင်းပါးမာသစ္စာကိုခံယူခိုင်းပါရေ။
ယကေလေ့ သူ(မဟာသမ္မတရာဇာ)မင်းဖြစ်ခံယူရေခါ ကံကြမ္မာညိုးနွမ်းမှူ ရခိုင်ပြည်ပျက်စီးချိန်ကာလနီးမှူ
စရေအကြောင်းဆိုးတိကြားမာ ကိုယ့်လူမျိုး မျက်နှာကိုမထောက် တိုင်းပြည်နန့်လူမျိုးထီးနန်းပျောက်လား
အောင် ကြံနိန်ရေ သစ္စာဖောက်ကြီး ငသံတွေစော် အဘယရာဇာမင်း၏သားဟရီ၊လေးခက်တောင်စား
ငထွန်းစံရို့နန့်အမရပူရအင်းဝဘိုးတော်ခေါ် ဗဒုံမင်ပါးမာ ရခိုင်ပြည်ကိုသိမ်းယူရန်အတွက် ငသံတွေပါ
ဗမာပြည်ကိုလားပြီးကေ ဗမာဘုရင်ဘိုးတော် ဗဒုံမင်းခေါ် မောင်းဝိုင်းကို ဒေပိုင်ပြောကတ်ပါရေ။
"အရှင်မင်းမြတ်ရခိုင်ပြည်ကိုအုပ်ချုပ်နိန်ရေ မဟာသမ္မတမင်းရာဇာကား အမျိုးယုက်ညံရေသူဖြစ်ပါရေ
ယင်းမင်း အုပ်ချုပ်စော်ကိုပြည်သူတိကမကြည်နပ်လို့ ဆူပူသောင်းကျန်းနိန်ကတ်ပါရေ။ ယင်းကြောင်း
ဒေပိုင်အမျိုးမသန့်ရေမင်းကိုဖြုတ်ချပြီးကေ မြင့်မြတ်ရေအမျိုးက ရခိုင်မင်းသာတစ်ပါးကိုနန်းတင်ပီးပါ
အရှင်းမင်းကြီးကူညီပါလို့ပြောကတ်ရေ။"
မဟာသမ္မတမင်းရာဇာစော် ရမ်းဗြဲ့ကျွန်းဇာတိဖြစ်ပြီးကေ ယင်းမင်း၏အုပ်ချုပ်မှူကိုမလိုလာရေ ငသံတွေ
မာ မင်းပြားမြို့နယ် ငဇင်ရိုင်းချောင်းဇာတိဖြစ်ပါရေ။ရခိုင်အချင်းချင်း ကိုယ့်ရို့၏ ပြသနာကို ကိုယ်ရို့ကိုယ်
တိုင်ပြေလည်အောင်မရှင်းကတ်ဘဲနန့် ဗမာပြည်ကို စစ်ကူလားတောင်းကတ်ပါရေ။
ငသံတွေရို့အကူညီတောင်းခြင်းခံရရေ ဘိုးတော်မောင်ဝိုင်းကား ဇာသူတိလည်း။ဘိုးတော်မောင်ဝိုင်း
ကား အလောင်းမင်းတရားခေါ် ဦးအောင်ဇေယျ၏စတုတ္တသားဖြစ်ပါရေ။မောင်းဝိုင်းမွီးချိန်မာ ၁၁၀၆ ခု တော
သလင်းလဆုတ် ၆ ရက်၊ တနင်္လာနိန့်မာ အင်းဝကို မွန် ဝိုင်းတိုက်ခိုက်ကတ်လို့ မိဘ တိက မောင်ဝိုင်းလို့ခေါ်ကတ်ပါရေ။ မောင်ဝိုင်းကို ဘိုးတော်ဘုရားလို့ခေါ်ကတ်ရေဆိုစော်က နောက်ပိုင်းကုန်ဘောင်မင်းရို၏ဘိုးတော်
ဖြစ်စော်ကြောင်း ဖြစ်ပါရေ။ဖောင်းကစားမောင်မောင်ဆိုသူက စဉ့်ကူးမင်းကိုနန်းလုပြီးကေတတ်လာရေခါ မူးမတ်တိက တိုက်တွန်းအားပီးစော်ကြောင်း မောင်ဝိုင်းစော် ဖောင်းကစားမောင်မောင်ကိုလုပ်ကြံသတ်ဖြတ်
ပြီးကေ (၁၇၈၂)ခုမာနန်းတတ်လာစော်ဖြစ်ပါရေ။
(ဘိုးတော်မောင်ဝိုင်းအကြောင်းကိုအပြည့်အစုံမဖော်ပြပီးပါယာနမ်း)
စစ်သွီးဆာနိန်ရေ ဗမာမင်းတိစော် သူရို့နန့် နယ်မြီချင်းဆက်စပ်နိန်ရေ နိုင်ငံတိကိုအကြိမ်ကြိမ်ကျူးကျော်တိုက်
ခိုက်ကတ်ပါရေ။ ရခိုင်ပြည်ကိုလည်း ရံဖန်ရန်ခါ ဝင်ရောက်တိုက်ခိုက်ဖူးပါရေ ယကေလည်း ရှူံးပြီးကေ လက်
ဆောင်ဘဏ္ဏာ သမီးကညာတိရာ ဆက်သပြီးကေပြန်ကတ်ရပါရေ။ ရခိုင်ပြည်ကို ဗမာလူမျိုးရို့လာရောက်
တိုက်ခိုက်ရေအကြောင်းကို လက်လှမ်းမီသလောက်တင်ပြပီးလာပါမေ။ရခိုင်ရို့စော် ရခိုင်ရိုးမတောင်အရှေ
ဖက်က လူမျိုးတိနန့် ဘီစီ(၆)ရာစုလောက်က စပြီးကေထိတွေ့ခပါရေ။ဘီစီ(၆)ရာစုမာ ရခိုင်နိုင်ငံတော်မာ
ဗုဒ္ဓဘာသာ ကကောင်း ထွန်းကားနိန်ပြီးယာ အချိန်ဖြစ်ကေလည်း အရှေဖက်မာဟိရေ တိုင်းပြည်တိမာကား
နတ်နဂါးတိကိုရာ ကိုးကွယ်နိန်ကတ်ရေအချိန်ဖြစ်ပြီးကေ ဗုဒ္ဓဘာသာအကြောင်းကို မှူန်ဝါးဝါးချေလောက်ရာ
ကြားဖူးနားဝရာ ဟိကတ်ပါသိ့ရေ။ ပြောရဖို့ဆိုကေ ဗုဒ္ဓဘာသာ ထွန်းကားလာဖို့ အစပျိုးနိန်ရေ အချိန်ဖြစ်
ပါရေ။ ပုဂံပြည်မာဆိုလို့ဟိကေ ဗုဒ္ဓဘာသာ ပျက်အရည်းကြီးရဟန်းတိကို ကိုးကွယ်နိန်ရေ အချိန်ဖြစ်ပါရေ။
ဘီစီ(၆)ရာစုပလယ်လောက်မာ သရေခေတ္တရာပြည် ပျူဘုရင် သုပညာနဂရဆိန္နမင်းစော် ဒွါရဝတီ (သံတွဲ)
မြို့ကိုတိုက်ပြီးကေ ယင်းမြို့မာဟိရေ ရွှေဆင်းတုတော်ဘုရားကြီးတစ်ဆူကိုဖျက်ဆီးယူလားကတ်ခပါရေ။
ရခိုင်ရို့ကလည်း ပျူနိုင်ငံ သရေခေတ္တရာမြို့ပြိုရေထိအောင်ထပ်ခါခါ တိုက်ကတ်ခပါရေ။ ပြောရဖို့ဆိုကေ
ပုဂံ၊ပင်းယ၊အင်းဝစရေခေတ်အဆက်ဆက်တိမာလည်း ဗမာနန့် တိုက်ပွဲပေါင်းများစွာ တိုက်ကတ်ခရပါရေ။
နောက်ဆုံးပဋိပက္ခဖြစ်ရေ ၁၁၄၆ ခုမာ မြောက်ဦးဘုရင် မဟာသမတရာဇာကို ကုန်းဘောင်ဘုရင် မောင်
ဝိုင်းကလာတိုက်ရေအခါထိအောင်ဖြစ်ပါရေ။
ပုဂံပြည်မာ ၁၀၄၄ ခု၊နန်းတတ်လာရေ အနော်ရထာမင်းလက်ထက်မာ သထုံ
ပြည်က အရှင်အာရဟံ ကျေးဇူးတိကြောင်း ဗုဒ္ဓဘာသာ ထွန်းကားလာပြီး သာသနာသုံးရပ်ထွန်းကားလာရေး
အတွက် ပိဋကတ် နန့်ဗုဒ္ဓ၏ဓာတ်မွေ့တော်တိကို လိုချင်လို့ သထုံပြည်ကို စစ်တိုက်ပါရေ။ယင်းနောက်အစိုင်
အလာကြီးရေ ဂုဏ်သတင်းတိကျော်ရေ မဟာမုနိ ရုပ်ရှင်တော်ကိန်းဝပ်တည်ဟိရေနိန်ရာ ရခိုင်ပြည်ကို မြား
ဦးလှည့်လာပါရေ။ ရခိုင်ပြည်ကို အနော်ရထာမင်း လက်ထက်က မဟာမုနိ ဘုရားကြီးကို ပင့်ယူဖို့လို့အ
ကြောင်းပြပြီးကေ ရဲမတ်ဗိုလ်ပါ တစ်သိန်းကျော်နန့် ဘူးရွက်မညိုးကျော်လမ်းက စစ်ချီတတ်လာကတ်ပြီးကေ
မဟာမုနိ ဘုရားကြီးကို ပလ္လင်ထက်ကချပြီးကေ ပင့်ယူကေလည်း မရလားကတ်ပါ။ ယင်းနောက် ဝေသာလီ
နားက သင်းကျစ်ရုပ်ပွားတစ်ဆူကိုရာ ရလားပြီးကေပြန်လားကတ်ပါရေ။
ရခိုင်သက္ကရာဇ် (၇၉၅)အေဒီ(၁၄၃၃)မာ ရခိုင်ဘုရင်မင်း ခရီ(အလီခင်)
မင်းလက်ထက်က အင်းဝထူပါရုံဒါယာကာ နရပတိစော် ရခိုင်နိုင်ငံတော်ကို ကျူးကျော်တိုက်ခိုက်ဖို့ စစ်ချီ
တတ်လာပါရေ။ ရခိုင်သက္ကရာဇ်(၇၉၅)အေဒီ(၁၄၆၉)ခု ရခိုင်ဘုရင် ဘစောဖြူမင်းလက်ထက်မာ အင်းဝ
ဘုရင် နရပတိ၏မြေး စလင်းစား သတိုးကျော်စော် စစ်ကည်ဗိုလ်ပါတိနန့် ကျူးကျော်စစ်ပြုလာပြန်ရေ။
ရခိုင်သက္ကရာဇ်(၉၀၇)အေဒီ(၁၅၄၅)ခု၊ တန်းဆောင်မုန်းလဆန်း(၈)ရက်နိန့်၊တနင်္လာနိန့်မာတောင်ငူဘု
ရင် တပင်ရွှေထီးကိုယ်တိုင် ဒွါရဝတီ သံတွဲမြို့ကို ကျူးကျော်ချီတတ်တိုက်ခိုက်လာပြန်ရေ။
ရခိုင်သက္ကရာဇ် (၉၁၂)မာ ဟံသာဝတီ ပဲခူးဘုရင်နောင်စော် ရခိုင်ဘုရင်မင်းဖလောင်းလက်ထက်မာ ရခိုင်
နိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြန်ရေ။
ရခိုင်နန့်ဗမာရို့စော် ပထမမြောက်ဦးခေတ် ရခိုင်ဘုရင် အလီခင် မင်းနန့်အင်းဝ
ဒုတိယခေတ် ဗမာဘုရင် နရပတိရို့လက်ထက် အေဒီ (၁၄၅၄)ခုနှစ်မာတစ်ကြိမ်၊ ဒုတိယမြောက်ဦးခေတ်
ရခိုင်ဘုရင် မင်းဘာကြီးနန့်တောင်ငူခေတ် ဗမာဘုရင်တပင်ရွှေထီးရို့လက်ထက်အေဒီ(၁၅၄၆)ခုနှစ်မာတစ်
ကြိမ်၊ ရခိုင်ဘုရင် မင်းရာဇာကြီးနန့်တောင်ငူခေတ် ဗမာဘုရင်မင်းရဲကျော်ထင်ရို့လက်ထက်အေဒီ (၁၅၉၇)
ခုနှစ်မာတစ်ကြိမ်၊ ရခိုင်ဘုရင်သီရိသုဓမ္မရာဇာမင်းနန့်ဗမာဘုရင်သာလွန်းမင်းလက်ထက် အေဒီ (၁၆၃၄)ခုနှစ်မာတစ်ကြိမ် ဒေလေးကြိမ်လောက်ရာ မဟာမိတ်ဖြစ်ကတ်ခပါရေ။ ဒေလေးကြိမ်တောင် မင်း
ဘာကြီးနန့်တပင်ရွှေထီးစော် မချိသွားဖြဲ စိတ်မပါတပါ မဟာမိတ်မျိုးဖြစ်ခပါရေ။မဟာမိတ်ဆက်ဆံမှူကားဒေ
လောက်ရာဖြစ်ပါရေ။ရန်ဖက်ကား သမိုင်းအစနိန်ပြီးကေ ဒေနိန့်ထိလို့ဆိုရပါဖို့။
ရခိုင်ပြည်နန့်ဗမာပြည်စော် ပထဝီအနိန်အထားရ အိန္ဒိယတိုက်ချေနန့် အင်ဒို
ချိုင်းနားကျွန်းဆွယ်ကြီးရို့တစ်ခုနန့်တစ်ခုဆက်စပ်ရေဒေသမာ ဟိနိန်ကတ်ပါရေ။ နိန်ရာဒေသဆက်စပ်နိန်ရေ
ဆိုကေလည်း တိုင်းပြည်တစ်ခုနန့်တစ်ခုလားဖို့ ခက်ခဲရေ ရခိုင်ရိုးမတောင်တန်းကြီးတိ ကာဆီးထားပါရေ။
ယင်းပိုင် အလားအလာ ခက်ခဲစော်ကြောင်း ဗုဒ္ဓဘာသာထွန်းကာရေအချိန် တူညီမှူတိမဟိ့ရေအပြင်ဗမာတိ
စော် နယ်ချဲ့ချင်ရေ၊စစ်ကိုလိုလားရေစော်ကြောင်း ရခိုင်နန့်ဗမာတိစော် ဆက်ဆံမိတ်ဖြစ်ခြင်းနည်းပြီးကေ
ရန်ဖက်တိရာဖြစ်စော်များပါရေ။ ဗမာလူမျိုးရို့စော် ရခိုင်တိပါးက စာရေးရေ အတတ်ကိုရယူလားခရေစော်
လောက်ရာဟိ့ပြီးကေ စီးပွားရေးလူမှူရေးအရဆက်ဆံမှူတိ ကကောင်းနည်းပါရေ။
မောင်ဝိုင်းစော် ရခိုင်နိုင်ငံမာ ရခိုင်အချင်းချင်း မညီမညွန့်တိုက်ခိုက်နိန်ကတ်လို့ သာသနာလည်ပင်ထွန်းကားအောင် ရခိုင်ရို့က လာရောက်စစ်တိုက်
ပါလို့ စစ်ပန်ခေါ်လို့ သာသနာတော်ပြန်စည်လာအောင် ရခိုင်ပြည်ကိုစစ်တိုက်ရပါရေလို့ ဗမာတိမှတ်းတမ်းတိမာပါဘာရေ။ ယင်းအကြောင်းပြချက်တိ
မာကား မမှန်ကန်ပါ ဇာဖြစ်လို့လေ့ဆိုရဖို့ဆိုကေ ဗမာနယ်ချဲ့ ပဒေသရာဇ်တိစော် အနီအနားမာဟိရေ ချင်းလူမျိုးနန့် ကချင်လူမျိုးတိကို ဗုဒ္ဓဘာသာဝင်
ဖြစ်အောင် မသိမ်းသွင်းဘဲနန့် သူရို့နန့် နယ်ချင်းထိစပ်နိန်ရေ နိုင်ငံတိကို အကြောင်းပြချက်တိအမျိုးမျိုးနန့် အကြိမ်ကြိမ်ကျူးကျော်စစ်တိုက်နိန်ကတ်
စော်ရာ ဖြစ်ပါရေ။ ရခိုင်ပြည်က ငသံတွေ၊လေးခေတ်တောင်စား ငထွန်းစံ၊အဘယ ရာဇ၏သား ဟရီ ရို့က စစ်ကူတောင်းကေဖြစ်ဇီ၊မတောင်းကေဖြစ်
ဇီ အခွင့်ကြုံကေ ဝင်ရောက်တိုက်ခိုက်ဖို့ ဗမာရို့စိတ်တိမာ အမြဲဟိနိန်ပြီးသားဖြစ်ပါရေ။ မောင်းဝိုင်းစော် ရခိုင်နိုင်ငံကို စစ်တိုက်ရခြင်းမာ သာသနာ ထွန်း
ကားစည်ပင်ရေးနန့် ရခိုင်ပြည်က စစ်ကူလာစော်ကြောင်း စစ်တိုက်ရစော်ဖြစ်ပါရေလို့အကြောင်းပြကေလည်း ရခိုင်ပြည်ကို စစ်တိုက်ရခြင်းအကြောင်း
အရင်းမာ အယင်က ရခိုင်ပြည်ကိုလာရောက်စစ်တိုက်ရာမာ အကြိမ်ကြိမ် ရှူံးဖူးရေအတွက်နန့် ကလေ့စားချေချင်စော်၊ ရခိုင်လူမျိုးတိစော် ဘာသာရေး
၊ စာပီယိုင်ကျေးမှူ ၊ နိုင်ငံရေး၊ စီးပွားရေး အစရှိစော်တိမာ ဗမာလူမျိုးတိရို့ထက် သာနိန်စော်ကို မနာလိုလို့ဖြစ်စော်ကတစ်ကြောင်း၊ မဟာမုနိဘုရား
အဖိုးမဖြတ်နိုင်ရေ နန်းစိုင်နန်းဆက် ရတနာတိနန့် ရခိုင်နိုင်ငံက လူအင်အားတိကိုလိုချင်လို့ ရခိုင်နိုင်ငံကို တိုက်စော်ဖြစ်ရေစော်ကို တွီ့ရပါရေ။
နောက်တစ်ချက်မာ မဟာသမ္မတရာဇာ မင်း၏ ဒီမိုကရေစီ စနစ်ရို့မာ သူရို့ ဗမာနိုင်ငံကို ရိုက်ခတ် လာနိုင်စော်ကို ကြောက်လို့လည်းဖြစ်ပါရေ။
မောင်ဝိုင်းစော် အဖသည်ရို့ အစ်ကိုသည်ရို့ မလုပ်ဝံ့ရေ အလုပ်ကို သူလုပ်ကေ ကောင်းဖို့၊ မကောင်းဖို့
သူမင်းဖြစ်စော်လည်း (၂) နှစ်တောင်မပြည့်သိ့ပါ။ ပြည်တွင်းရေးလည်း စိတ်ချလို့မရသိ့ရေအချိန် ရခိုင်နိုင်ငံကို တိုက်သင့်၊ မတိုက်သင့် ချီတုံ
ချကျ ဖြစ်နိန်ပြီး နောက်ဆုံးမာ ရခိုင်သစ္စာဖောက် ငသံတွေ တောင်းရေ အကူအညီကိုပီးမေလို့ ကတိပီးလိုက်ပါရေ။ ဗဒုံမင်း မောင်ဝိုင်းစော်
ချက်ချင်း ရခိုင်နိုင်ငံကို တိုက်ခိုက်ဖို့ ပြင်ဆင်ပါရေ။ မောင်းဝိုင်းစော် ပထမအဆင့်အနိန်နန့် ရခိုင်ပြည်ကို ထောက်လှမ်းရေး သလျှိုတိလွှတ်လိုက်ပါ
ရေ။ ရခိုင်နိုင်ငံသူ နိုင်ငံသားတိကို ဇာတိသွီး၊ဇာတိမာန်တတ်အောင် အမြဲအားပီးနိန်ရေ မဟာမုနိရုပါပွားတော်ကို နံနှိပ်ဖို့အတွက်လွှတ်လိုက်ပါရေ။
ဘိုးတော်မောင်ဝိုင်း ရခိုင်နိုင်ငံကိုလွှတ်လိုက်ရေ သလျှိုထောက်လှမ်းရေးတိစော် ဘိုးတော် မောင်ဝိုင်းအမိန့်
အတိုင်း မဟာမုနိရုပ်ရှင်ညိုးနွမ်းဇီအောင် အရက်သမား ကိုကြီးကျော်၊ကိုယ်ဝန်သယ်မ မေကုဝန်ရုပ်တိနန့်
မဟာမုနိကုန်းထက်မာ မြီမြုတ်ခကတ်ရေလို့ ရခိုင်သမိုင်းက ဖော်ပြထားပါရေ။ ယင်းပိုင် ကြိုတင်ဆောင်ရွတ်
စရာတိကိုဆောင်ရွတ်ပြီးရေခါ ရခိုင်နိုင်ငံစော် အကြီးအကျယ် စည်းရုံးရေးတိပျက်ပြားလာရေလာခါ အင်အား
ိတိနည်းလာစော်ကိုသိပြီးခါမှ ဘိုးတော် မောင်ဝိုင်းသာတဖြစ်ရေ အိမ်ရှေမင်း မောင်ပေါ်ကို ဗိုလ်ချုပ်ခန့်ပြီးကေ
စစ်ဆင်(၃၃၀)စစ်မြင်း (၃၃၀၀၀)တပ်ပေါင်း (၃၃)တပ်ကိုဖွဲ့မနာ ဘိုးတော် မောင်ဝိုင်းက သားတိဖြစ်ရေ
အိမ်ရှေမင်း၊ စကုမင်း၊ကာမမင်းရို့ကိုခေါ်ပြီးကေ ရခိုင်နိုင်ငံကို မောင်ရို့ ဆင်လုံးမြင်းရံနန့် တိုက်ခိုက်ပြီးကေ
မြို့ကိုရရေခါ မဟာမုနိဘုရားကိုလည်း ပင့်ယူလာရဖို့လို့ အမိန့်ပီးပါရေ။
(မောင်းဝိုင်း၏စစ်ရေးပြန်တမ်းကို အပြည့်အစုံမဖော်ပြပီးယာနမ်း)
သက္ကရာဇ် ၁၁၄၅ ။ ယင်းသက္ကရာဇ်မာ အမရပူရကို အုပ်ချုပ်ရေ သီရိ ပရဝ ဝိဇယ
နန္တယသ တြိဘဝနာ ဒိတျာဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာ ဆိုရေ မေသေလောက်မဟုတ်ရှည်ရေ နာမေကို
ခံရေ ဗဒုံမင်း ဘိုးတော်မောင်ဝိုင်းစော် ရခိုင်နိုင်ငံ၏ အထ္ထုပ္ပတ္တိကိုသိချင်ဇာကြောင်း ဗိုလ်ငခိုင်လှနန့်ငချင်းခိုင်
ရို့ကို လွှတ်လိုက်ပါရေ ငချင်းခိုင်နန့် ငလှခိုင်ရို့စော် ယုတ်နွမ်းရေပယိုးဂတိနန့် မှင်ဆီးထိုးထားရေ မြင်းတိကို
ယူလာပြီးကေ ပုရွင်းရောင်းရေကုန်သည်တိပိုင်ဟန်ဆောင်ပြီးကေ တောင်မင်းကျော်ထွီးကိုမိတ်ဆွေဖွဲ့ပြီးကေ
ယူလာရေမြင်းကိုလက်ဆောင်ပီးပါရေ။တောင်မင်းကျော်ထွီးလည်း ယင်မြင်းကိုစီးပါရေ။ ငခိုင်လှနန့်ငချင်းခိုင်
လည်း တောင်မင်းကျော်ထွီးကို လှည်ပတ်ပြောဆိုမနာ ရမ်းဗြဲ့ကျွန်းဖက်ကိုဆက်လားမနာ ရွာကြီးရွာငယ်
ရို့ကိုစုံစမ်းကတ်ပြန်ရေ။ နောက်ပြီး ယင်းသူရို့နှစ်ယောက်စော် ရခိုင်နိုင်ငံ မြောက်ဦးမြို့ မဟာသမ္မတရာဇာ
မင်းပါးမာလျှောက်ထားလှည့်ပတ် သံတော်ဦးတိတင်ပြီးကေ မဟာမုနိသိမ်ကိုလားပြီးကေ ဘုရားရှေမာလုပ်
ထားရေ ဝသုန္ဓရီတွင်းကို ရီစက်သွန်ချကေ ရီမဝင်ဘဲနိန်အောင်လုပ်ကတ်ပါရေ။ ယင်းအကြောင်းတိကိုကြား
ရေခါ မဟာသမ္မတရာဇာမင်းနန့်မူးမတ်တိတိုင်ပင်နိန်ကတ်ရေအချိန်ခါ သက္ကရာဇ် ၁၁၄၆ ခု ၊ နယုန်လပြည့်ကျော်( ရ ) ရက်နိန့် သောက်ကြာနိန့်ကစပြီးကေ ခုနှစ်ရက်မြောက် ကြသပတေး နိန့်တိုင်
အောင်ကစ္ဆပနဒီ မြစ်ညာက ရီတိကြီးလာပြီးကေ ရီတိပြည့်လာရေခါ ပြည်သူပြည်သားတိစော် နိန်စရာထိုင်
စရာမဟိလို့ ရုပ်ရှင်တော် မဟာမုနိ သိမ်အတွင်းမာ နိန်ထိုင်ကတ်ရပါရေ။ ယင်းပိုင်နိန်ထိုင်ကတ်ရေခါ ကိုယ်
ဝန်ဟိရေ မာမ သုံးယောက်ရို့စော် တစ်ခါတည်း အချေမွီးကတ်ပါရေ ရုပ်ရှင်တော်မဟာမုနိလည်း ရောင်ခြည်
တိမှေးမှိန်လာပါရေ။
ဘိုးတော် မောင်ဝိုင်းစော် ရခိုင်နိုင်ငံကို ထောက်လှမ်းရေး သလျှို အကြိမ်ကြိမ်လွှတ်ပြီ အကြောင်းစုံကိုသိပြီး
ခါမ အရှေပြည်ခုနှစ်ခုရိုင်တောင်စိုင်မာနိန်ကတ်ရေ မြို့စားရွာစားတိပါးမှာ ဆန်ရိက္ခာတောင်းပြီးကေ တောင်
ကုတ်မြို့နန့် လမ်းဆိုင်ဖြစ်ရေ ဖိုးခေါင်တောင် ရိုးမအဝင်စခန်းမာ ဆန်ကျီတည်ပြီးထားပါရေ။
ယင်းအကြောင်းကို တောင်မင်းကျော်ထွီးကြာရေခါ အလံတိတင်ပြီးကေ အတန်တန်စောင့်ခိုင်းထားပါရေ။
မောင်ဝိုင်းကလည်း သားတိဖြစ်ရေ အိမ်ရှေမင်း မောင်ပေါ်၊စကုမြို့စား၊ကာမမြို့စားသုံးယောက်ရို့ကိုခေါ်ပြီးကေ
ရခိုင်နိုင်ငံ မြောက်ဦးမြို့ကိုတိုက်ခိုက်ဖျက်ဆီးဖို့ လက်နတ်ကိုင်လူပေါင်း ကိုးသောင်းရို့ကိုလွှတ်လိုက်ပါရေ။
အိမ်ရှေမင်းမောင်ပေါ်ကလည်း ဗမာပြည်မာဟိရေ ရှမ်းစော်ဘွားမြို့စားရွာစား ဗိုလ်မှူရို့ကို ဆင်စီးမြင်းရံ
နန့်ကြည်းကြောင်းလွှတ်လိုက်ပြီးကေ အိမ်ရှေမင်းမောင်ပေါ်ကား လှေပြသာဒ်စီးပြီးကေသက္ကရာဇ် ၁၁၄၆ခု၊
တော်သလင်းလဆန်း (၁၂)ရက်ကြသပတေးနိန့်မာ ရီကြောင်းချီတတ်လာပါရေ။ယင်းပိုင် ဗမာပြည်က စစ်
သည်ဗိုလ်ပါရို့ချီတတ်လာစော်ကို ရခိုင်ဘုရင် မဟာသမ္မတမင်းရာဇာ ကြာရေခါ သိုက်တတ်ခေါင်းဖြူတောင်
ဆရာတော် အစဟိရေ ရဟန်လညာဟိ၊လူပညာဟိရို့နန့်တိုင်ပင်ပြီးကေ မဟာသမ္မတရာဇာ ဆိုရေနာမေစော်
ကမ္ဘာဦးစက သမုတ်ခရေ နာမေဖြစ်စော်ကြောင်း သမ္မတဆိုရေ နာမေကို မခံကောင်းပါလို့လျှောက်ကတ်ရခါ
မဟာသမ္မတမင်းရာဇာ မင်းကလည်းမူးမတ်တိများစွာ ခြံရံပြီးကေသက္ကရာဇ် ၁၁၄၆ ခု၊ဝါကျွတ်လဆန်း၊စနီ နိန့်မာ နှစ်ကြိမ်မြောက်ဖြစ်ရေ ဇေယျာဘိတ်သိတ်ကိုမြှောက်သွန်းပြီးကေ အဂ္ဂပုညဇော ရာဇာ လို့နာမေကိုခံ
ပြီးကေ တစ်ဆိတ်ခပ်ပြန်ရေ။
Copy from
http://www.facebook.com/aung.thein.587
0 comments:
Post a Comment